grandpa-grandson

ဘုရားသခင်၊ ဖခမည်းတော်- ယေရှူခရစ်တော်နှင့်သန့်ရှင်းသော၀ိညာဥ်တော်

ဘုရားသခင်သည် ဘုရားတဆူတည်း၊ ဖခမည်းတော်၊ ထာ၀ရတည်နေခြင်း၊၀ိညာဥ်တော်ဖြစ်တော်မူသောသူ၊အချုပ်အခြာအားလုံးကိုသိရှိနားလည်နိုင်စွမ်းရှိသောသူ၊ အသိညာဏ်အလုံးစုံဖြင့်ပြည့်၀သောသူ၊ ချစ်ခြင်းမေတ္တာဖြင့်ပြည့်၀သောသူ၊ တရားသောသူ၊ ဘုန်းတန်ခိုးအာနုဘော်ဖြင့်ပြည့်၀သောသူဟုကျွန်ုပ်တို့ယုံကြည်ပါသည်။ ယေရှူခရစ်တော်အားဖြင့်သူသည်စကြာ၀ဠာကောင်းကင်များနှင့်မြေကြီး နှင့်၎င်းတို့အထဲတွင်ရှိသောအရာအားလုံးကိုဖန်ဆင်းသောဖန်ဆင်းရှင်ဖြစ်တော်မူ၏။ သူသည်အသက်တာ၏အရင်းအမြစ်နှင့်လူသားများအသက်ရှင်တည်စေမှုကိုပေးတော်မူသောသူဖြစ်၏။ နှုတ်ကပတ်တော်ဖြစ်တော်မူ၍ထာ၀ရအသက်ရှင်တည်နေတော်မူသောနာဇရက်ကယေရှူခရစ်တော်ကိုတဆူတည်းသောအရှင်သခင်(ဘုရားသခင်)အဖြစ်ကျွန်ုပ်တို့ယုံကြည်ပါသည်။ သူသည် မေရှိ၊ ခရစ်တော်၊ ရှင်တော်မူသောဘုရားသခင်၏မွန်မြတ်သောသားတော်၊ အပျိုစင်မာရိ ၌သန့်ရှင်းသော၀ိညာဥ်တော်အားဖြင့်သန္ဓေတည်ကာလူသားအသွေးအသားအဖြစ်မွေးဖွါးလာသည်ဟုကျွန်ုပ်တို့ယုံကြည်ပါသည်။ သူ့အားဖြင့်ဘုရားသခင်သည်အရာအားလုံးကိုဖန်ဆင်းခဲ့၍သူမပါဘဲနှင့်ဖန်ဆင်းပြီးလေသောအရာများအားမည်သည့်အရာမျှဖြစ်လာမည်မဟုတ်ပါဟုကျွန်ုပ်တို့ယုံကြည်ပါသည်။ သန့်ရှင်းသော၀ိညာဥ်တော်သည်ဘုရားသခင်နှင့်ခရစ်တော်တို့၏သန့်ရှင်းသော၀ိညာဥ်တော်ဖြစ်ပါသည်ဟုကျွန်ုပ်တို့ယုံကြည်ပါသည်။ သန့်ရှင်းသော၀ိညာဥ်တော်သည်ဘုရားသခင်၏ဘုန်းတန်ခိုးဖြစ်၍အသက်တာ၏၀ိညာဥ်ထာ၀ရဖြစ်တော်မူ၏။ (တိမောသေသြ၀ါဒစာဒုတိယစောင် ၁း၇၊ ဧဖက်သြ၀ါဒစာ ၄း၆၊ ကောရိန်သုသြ၀ါဒစာပဌမစောင်၈း၆၊ ရှင်ယောဟန်ခရစ်၀င် ၁း၁-၄၊ ကောလောသဲသြ၀ါဒစာ ၁း၁၆)။
 

ဘုရားသခင်၏နှုတ်ကပတ်တော်

ဓမ္မဟောင်းနှင့်ဓမ္မသစ် ကျမ်းစာနှစ်စောင်လုံးမှ ဘုရားသခင်၏နှုတ်ကပတ်တော်များသည်ဘုရားသခင်၏ဖေါ်ပြချက်များနှင့်လူသားများအတွက်သူ၏ပြည့်စုံလုံလောက်သောအလိုတော် ဖေါ်ပြချက်များဖြစ်သည်ဟုကျွန်ုပ်တို့ယုံ
ကြည်ပါသည်။ နှုတ်ကပတ်တော်သည်အတွေးအခေါ်အယူအဆနှင့်ပြောဆိုမှုများကိုညာဏ်ကွန့်မြူးစေ၍ မူရင်းရေးသားချက်များကိုအမှားအယွင်းကင်းစေလျက် ယုံကြည်ခြင်းနှင့်အသက်တာတို့၏အတွက် အနှစ်ချုပ်လမ်းညွှန်မှုဖြစ်ကာ အမှန်တရားအားလုံး၏အခြေခံဖြစ်ပါသည် (တိမောသေသြ၀ါဒစာဒုတိယစောင် ၃း၁၆၊ ရှင်ပေတရုသြ၀ါဒစာဒုတိယစောင် ၁း၂၀ ၂၁၊ ရှင်ယောဟန်ခရစ်၀င် ၁၀း၃၅၊ ၁၇း၁၇)
 

စာတန် မာရ်န

စာတန်သည်နမ်၀ိညာဥ်ဖြစ်ကာ ဘုရားသခင်နှင့်ဘုရားသခင်၏သားသမီးများ၏ရန်သူဖြစ်သည်ကိုကျွန်ုပ်တို့ယုံကြည်ပါသည်။ စာတန်မာရ်နအားဘုရားသခင်က ဤကမ္ဘာမြေကြီးကိုသူ့ပိုင်နက်နယ်မြေအဖြစ်တချိန်ကပေးခဲ့ဘူးပါသည်။ လူသားများသည် ဘုရားသခင်နှင့်သူ၏အမိန့်ဥပဒေများကိုငြင်းပယ်ရန်အတွက်စာတန်မာရ်နက သူတို့အားလှည့်ဖြားခဲ့၏။ စာတန်မာရ်နသည်လှည့်ဖြားသောနည်းဖြင့်အုပ်ချုပ်ကာသူအားဘုရားသခင်ကိုပုန်ကန်ခဲ့သော
တမန်တော်များမှအသွင်ပြောင်းဖြစ်ပေါ်လာခဲ့သည့် နတ်ဆိုးအုပ်စုတို့ကအကူအညီပေးခဲ့ကြပါသည်။ ၎င်းနတ်ဆိုး၀ိညာဥ်တို့သည်စာတန်မာရ်နက ဘုရားသခင်ကိုတော်လှန်စဥ်အခါကသူ၏နောက်လိုက်များဖြစ်ခဲ့ကြပါသည် (ရှင်မဿဲခရစ်၀င် ၄း၁ -၁၁၊ ရှင်လုကာခရစ်၀င် ၈း၁၂၊ တိမောသေသြ၀ါဒစာ ၂း၂၆၊ရှင်ယောဟန်ခရစ်၀င် ၁၂း၃၁၊ ၁၆း၁၁၊ ဗျာဒိတ်ကျမ်း ၁၂း၄၊ ၉၊ ၂၀း၁- ၃၊ ၇၊၁၀၊ ၀တ်ပြုရာကျမ်း ၁၆း၂၁- ၂၂၊ ကောရိန်သုသြ၀ါဒစာဒုတိယစောင် ၄း၄၊၁၁း၁၄၊ ဧဖက်သြ၀ါဒစာ ၂း၂)။
 

လူသားမျိုးနွယ်

လူသားမျိုးနွယ်များကိုဘုရားသခင်ကသူ၏ပုံသဏ္ဌာန်အတိုင်းဖန်ဆင်းထားခဲ့ကာထိုလူသားမျိုးနွယ်တို့သည်ဘုရားသခင်၏သားသမီးများအဖြစ်သို့သက်၀င်လှုပ်ရှားဖြစ်ပေါ်လာနိုင်ကာသူ၏အမူအကျင့်များအတိုင်းပါ၀င်လုပ်ဆောင်လာမည်ကိုကျွန်ုပ်တို့ယုံကြည်ပါသည်။ ဘုရားသခင်သည်လူသားများကိုအသွေးအသားပုံစံဖြင့်တည်ဆောက်ထားကာအစိုင်အခဲဟူသည့်ပစ္စည်းတခုအဖြစ်ရပ်တည်စေ၏။ ကျမ်းစာတော်မြတ်ထဲတွင်ပြောထား

သည့်အတိုင်းဘုရားသခင်သည်လူသားများအားဆုလဒ်တခုအနေဖြင့်ပေးသနားခြင်းမရှိပါ။ လူသားများသည်အသက်ရှူရပ်တည်ခြင်းဖြင့်အသက်ရှင်ခြင်း၊ အသက်သေနိုင်သောသူများ၊ ပုပ်သိုးဆွေးမြေ့နိုင်သောသူများ၊ ထာ၀ရအသက်တာမရှိသောသူများအဖြစ်သာရပ်တည်နိုင်မည်ဖြစ်ပါသည်။ အာဒံ နှင့် ဧ၀ မတိုင်ခင်ဘုရားသခင်သည်ရိုသေလေးစားစားလိုက်နာမှုမှရရှိမည့်ထာ၀ရအသက်တာနှင့်အပြစ်အ’ကုသိုလ်အမှုကိုကျူးလွန်လျှင်ရရှိမည့်သေခြင်းတရားဟူသည့်လမ်းနှစ်သွယ်ကိုရွေးချယ်စေခဲ့ကြောင်းကိုကျွန်ုပ်တို့ယုံကြည်ပါသည်။ အာဒံနှင့်ဧ၀တို့သည်စာတန်မာရ်နကိုလိုက်လျောခဲ့ခြင်းဖြင့် ဘုရားသခင်ကိုရိုသေလေးစားခြင်းမပြုခဲ့ပေ။ ဘုရားသခင်ကိုမနာခံခဲ့ပေ။နောက်ဆုံးအကျိုးဆက် အဖြစ် အ’ကုသိုလ်အမှုသည်ကမ္ဘာလောကထဲကို၀င်လာခဲ့ကာ၊ အ’ကုသိုလ်အမှုမှတဆင့်သေခြင်းတရားသည်ဖြစ်ပေါ်လာခဲ့တော့၏။ ယခုအချိန်တွင်လူသားမျိုးနွယ်အားလုံးတို့သည်အ’ကုသိုလ်အမှုများကိုကျူးလွန်ကြသည့်အတွက်သေခြင်းတရားသည်လူသားမျိုးနွယ်အားလုံးတို့ကိုအုပ်စိုးလျက်ရှိကြပါသည် (ကမ္ဘာဦးကျမ်း ၁း၂၆၊ ရှင်ပေတရုသြ၀ါဒစာဒုတိယစောင် ၁း၄၊ ဟေဗြဲသြ၀ါဒစာ ၉း၂၇၊ ကောရိန်သုသြ၀ါဒစာပဌမစောင် ၁၅း၂၂၊ ရောမသြ၀ါဒစာ ၅း၁၂၊ ၆း၂၃)။
 

ဘုရားသခင်၏ပညတ်တရား နှင့် ဒုစရိုက်မှုအပြစ်

ဒုစရိုက်မှုသည်ကား ပညတ်တော်ကိုကျူးလွန်ခြင်းဖြစ်သည်ဟုကျွန်ုပ်တို့ယုံကြည်ပါသည်။ ပညတ်တော်သည် ၀ိညာဥ်တော်နှင့်ဆိုင်သော၊ပြည့်စုံသော၊သန့်ရှင်းသော၊ ဖြောင့်မတ်သော နှင့်ကောင်းသောအရာဖြစ်၏။ပညတ်တော်သည်ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို အဓိပ္ပါယ် ဖွင့်ဆိုရှင်းလင်းထားကာ၎င်းသည်ဘုရားသခင်အားချစ်ခြင်း၊ ကိုယ်၏နီးစပ်ရာလူများကိုချစ်ခြင်း စသည့်အခြေခံအကြောင်းအရာကြီးနှစ်ချက်ပေါ်တွင် မူတည်၍တည်ဆောက်ထားပါသည်။ ၎င်းသည်မပြောင်းလဲနိုင်သောအရာဖြစ်၍ခိုင်မာ၏။ ပညတ်တော်တရား ၁၀ ပါးသည်ဘုရားသခင်၏ချစ်ခြင်းမေတ္တာ၏အချက် ၁၀ချက်ဖြစ်ပါသည်။ ပညတ်တရား ၁၀ ပါးထဲက ၁ ပါးတည်းကပင်လျှင်ချိုးဖေါက်ပါက ချိုးဖေါက်သောသူသည်အ’ကုသိုလ်၏အပြစ်ဒဏ်ကိုခံရမည်ဖြစ်ကြောင်းကိုကျွန်ုပ်တို့ယုံကြည်ပါသည်။ ဤ၀ိညာဥ်ရေးရာနှင့်ပတ်သက်သောအခြေခံပညတ်အရားသည် အသက်တာ၏မှန်ကန်သောလမ်းတလမ်းတည်းသို့နှင့် ပျော်ရွှင်မှု၊ငြိမ်းချမ်းမှု နှင့်၀မ်းမြှောက်မှုသာရနိုင်သောလမ်းဖြစ်ကြောင်းကိုကျွန်ုပ်တို့ယုံကြည်ပါသည်။ စိတ်ဆင်းရဲမှုများ၊ ဒုက္ခဆင်းရဲမှုများ၊ နာကျင်ခံစားရမှုများနှင့်၀မ်းနည်းပူဆွေးမှုများသည်ဘုရားသခင်၏ပညတ်တရားများကိုဖေါက်ဖျက်ခြင်းမှရလာသောအကျိုးဆက်များဖြစ်ပါသည် (ရှင်ယောဟန်သြ၀ါဒစာပဌမစောင် ၃း၄၊ ၅း၃၊ ရှင်မဿဲခရစ်၀င် ၅း၁၇ ၁၉၊ ၁၉း၁၇ ၁၉၊၂၂း၃၇ ၄၀၊ ရှင်ယာကုပ်သြ၀ါဒစာ ၂း၁၀ ၁၁၊ ရောမသြ၀ါဒစာ ၂း၅ ၉၊၇း၁၂ ၁၄၊ ၁၃း၈ ၁၀)။
 

ယေရှူခရစ်တော်ကိုယဇ်ပူဇော်ခြင်း

အကူအညီမဲ့နေသည့်အပြစ်သားများဖြင့်ပြည့်နှက်နေသောဤကမ္ဘာကိုဘုရားသခင်ကအလွန်ချစ်သည့်အတွက်သူ၏သိပ်ချစ်ရသည့်တပါးတည်းသောသားတော်ကိုပေးလိုက်သည်ဟုကျွန်ုပ်တို့ယဘုံကြည်လျက်ဤသားတော်သည်ဇာတိပကတိအသွင်ဖြင့်ကျွန်ပ်တို့လောကီသားတို့နှင့်အတူနေထိုင်ခဲ့၍စာတန်၏စုံစမ်းနှောက်ယှက်ခြင်းကိုခံခဲ့ရသော်လည်းအပြစ်တစုံတရာမျှမလုပ်ခဲ့ဘဲအပြစ်ကင်းစင်သောသူတယောက်ဖြစ်ကြောင်းကိုကျွန်ပ်တို့ယုံကြည်ပါသည်။ထိုသားတော်၊ ယေရှူခရစ်တော်သည်လူသားမျာ၏ဒုစရိုက်မှုအတွက်ယဇ်အပူဇော်ခံခဲ့ရ၍သေဆုံးခဲ့ရ၏။ လူသားအားလုံး၏ဖန်ဆင်းရှင်ဖြစ်သည့်အတွက်ကြောင့်ယေရှူခရစ်တော်၏အသက်သည်လူသားအားလုံးပေါင်း၏အသက်ထက်တန်ဖိုးများပါသည်။ ထို့ကြောင့်သူ၏သေခြင်းသည်လူသားအားလုံး၏ဒုစရိုက်မှုကြောင့်ပေးဆပ်ရမည့်အပြစ်ဒဏ်အတွက်လုံလောက်နေပါသည်။ဤအပြစ်ဒဏ်များကိုပေးဆပ်ရန်အတွက်ခရစ်တော်သည်သာတတ်နိုင်၍ဤလူတဦးစီအတွက်ဘုရားသခင်ကချမှတ်ထားသောအစီအစဥ်နှင့်လူသားအားလုံးအတွက်၊ ကျွန်ပ်တို့အတွက်အပြစ်များကိုခွင့်လွတ်ပေးနိုင်ရန်နှင့်သေရမည့်အပြစ်ဒဏ်မှလွတ်မြောက်နိုင်ရန်ဖြစ်ပါသည် (ဟေဗြဲသြ၀ါဒစာ ၄း၁၅၊၉း၁၅၊ ၁၀း၁၂၊ ရှင်ယောဟန်ခရစ်၀င် ၁း၁၈၊ ၃း၁၆၊ ကောလောသဲသြ၀ါဒစာ၁း၁၆ – ၁၇၊ ၂၂၊ ရှင်ယောဟန်သြ၀ါဒစာပဌမစောင် ၂း၂၊ ၄း၁၀၊ ဧဖက်သြ၀ါဒစာ ၁း၁၁၊ ဗျာဒိတ်ကျမ်း ၁၃း၈)။
 

သုံးနေ့ နှင့် သုံးည

ဘုရားသခင်သည် သခ်ျိုင်းဂူထဲတွင်လဲလျောင်းနေသေခရစ်တော်၏ခန္ဓာကိုယ်အားသုံးနေ့ နှင့် သုံးညပြည့်သောအခါတွင်ပြန်လည်ရှင်ပြန်ထမြောက်စေခြင်းအားဖြင့်သေနိုင်သောလူသားကိုမသေနိုင်သောလူသားအဖြစ်သို့ပြုလုပ်ပေးနိုင်ကြောင်းကိုကျွန်ပ်တို့ယုံကြည်ပါသည်။ယေရှူခရစ်တော်သည်ရှင်ပြန်ထမြောက်ပြီးသည့်နောက်တွင်ကောင်းကင်သို့ပြန်တက်ကာကျွန်ပ်တို့၏ယဇ်ပုရောဟိတ်မင်းအဖြစ် ဖခမည်းတော်ဘုရားသခင်၏လကျ်ာဖက်တွင်ထိုင်တော်မူကြောင်းကိုကျွန်ပ်တို့ယုံကြည်ပါသည် (ရှင်ပေတရုသြ၀ါဒစာပဌမစောင်၁း၁၇ – ၂၁၊ ၃း၂၂၊ ရှင်မဿဲခရစ်၀င် ၁၂း၄၀၊ ကောရိန်သုသြ၀ါဒစာပဌမစောင်၁၅း၅၃၊ တိမောသေသြ၀ါဒစာဒုတိယစောင် ၁း၁၀၊ ရှင်ယောဟန်ခရစ်၀င် ၂၀း၁၇၊ ဟေဗြဲသြ၀ါဒစာ ၈း၁၊ ၁၂း၂)။
 

နောင်တရခြင်း နှင့် ယုံကြည်မှု

မိမိ၏ဒုစရိုက်မှုအပြစ်အားလုံးမှ တကယ်နောင်တရ၍ဘုရားသခင့်ထံအလုံးစုံကိုယ့်ကိုယ်ကိုအညံ့ခံဆက်ကပ်ကာယုံကြည်မှုအားဖြင့်ခရစ်တော်ကိုမိမိ၏ကယ်တင်ရှင်အဖြစ်လက်ခံသောသူအားလုံးသည် ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့်ကျေးဇူးတော်အားဖြင့်အပြစ်အားလုံးမှခွင့်လွတ်ခြင်းကိုရရှိမည်ဟုကျွန်ပ်တို့ယုံကြည်ပါသည်။ ထိုတဦးတယောက်စီတိုင်းကိုဖြောင့်မတ်မှန်ကန်သည်ဟုအသိအမှတ်ပြုခံရမည်ဖြစ်၍သူတို့၏အပြစ်ဒဏ်များမှကင်းလွတ်မည်ဖြစ်ကာသန့်ရှင်းသော၀ိညာဥ်တော်ဟူသည့်ဆုကျေးဇူးကိုရရှိမည်ဖြစ်ပါသည်။ ဤသန့်ရှင်းသော၀ိညာဥ်တော်သည်သူတို့၌ကိန်း၀ပ်မည်ဖြစ်ကာမြင့်မြတ်သောချစ်ခြင်းမေတ္တာကိုပေးမည်ဖြစ်၍၎င်းချစ်ခြင်းမေတ္တာတခုတည်းသာလျှင်ပညတ်တော်တရားကိုပြည့်စုံစေကာဖြောင့်မတ်ခြင်းတရားကိုတိုးပွါးဖြည့်ဆီးပေးနိုင်မည်ဖြစ်ပါသည်။ သူတို့သည်မှန်ကန်သောဘုရားသခင်၏အသင်းတော်ဟူသောခရစ်တော်၏ခန္ဓာကိုယ်သို့၀ိညာဥ်တော်အားဖြင့်ဗတ္တိဇံ ခံယူပေးလေ၏။ ဤသည်ကိုကျွန်ပ်တို့သည်အသက်တာနှင့်စိတ်သဘောထားပြောင်းလဲခြင်းအမှန် ဟုယုံကြည်ပါသည်။ ဘုရားသခင်၏သန့်ရှင်းသော၀ိညာဥ်တော်ကိန်း၀ပ်တော်မူ၍ ပို့ဆောင်လမ်းပြပေးခြင်းခံရသောသူများသည်သာခရစ်တော်၏လူများဖြစ်ကြပါသည် (တမန်တော်၀တ္ထု ၂း၃၈၊ ၃း၁၉၊၅း၂၉ – ၃၂၊ ကောရိန်သုသြ၀ါဒစာဒုတိယစောင် ၇း၁၀၊ ရှင်ယောဟန်ခရစ်၀င်၃း၁၆၊ ဧဖက်သြ၀ါဒစာ ၁း၇၊ ၂း၇ -၉၊ ရောမသြ၀ါဒစာ၃း၂၁ – ၂၆၊ ၈း၄၊ ၉ – ၁၀၊၁၄၊ ၁၃း၁၀၊ ယေရမိအနာဂတ္တိကျမ်း ၃၃း၈၊ ရှင်ယောဟန်ခရစ်၀င် ၁၄း၁၆ ၁၇၊ ကောရိန်သုသြ၀ါဒစာပဌမစောင် ၁၂း၁၂ – ၁၃၊ ဖိလိပ္ပိသြ၀ါဒစာ ၂း၃ – ၅)။
 

ရေ၌ ဗတ္တိဇံခံယူခြင်းနှင့် လက်များတင်ခြင်း

နောင်တရပြီးသည့်နောက်တွင်တကိုယ်လုံးကိုရေအောက်နစ်သည့်ဗတ္တိဇံအခမ်းအနားဖြင့်ပြီးမြောက်ခံယူရမည်ဟုကျွန်ုပ်တို့ယုံကြည်ပါသည်။ ယုံကြည်သူသည်ဗတ္တိဇံခံယူပြီးပြီးခြင်းသူ့အပေါ်ကိုဘုရားသခင်၏ဗျာဒိတ်တော်ခံပြီးသားအမှုတော်ဆောင်ကလက်တင်၍ဆုတောင်းပေးခြင်းဖြင့်သူသည်သန့်ရှင်းသော၀ိညာဥ်တော်ကိုရရှိကာယေရှူခရစ်တော်၏၀ိညာဥ်ပိုင်းဆိုင်ရာခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်လာပါသည် (ရှင်မဿဲခရစ်၀င်၃း၁၃၊ ၁၆၊ ရှင်ယောဟန်ခရစ်၀င် ၃း၂၃၊ တမန်တော်၀တ္ထု ၂း၃၈၊ ၈း၁၄ – ၁၇၊ ၁၉း၅ – ၆၊ ကောရိန်သုသြ၀ါဒစာပဌမစောင် ၁၂း၁၃)။
 

ဥပုသ်နေ့

ရက်သတ္တပတ်၏သတ္တမမြေက်နေ့သည် ကျွန်ုပ်တို့၏အရှင် ဘုရားသခင်၏ဥပုသ်နေ့ဖြစ်သည်ဟုကျွန်ုပ်တို့ယုံကြည်ပါသည်။ ဤနေ့တွင်ကျွန်ုပ်တို့သည်မိမိတို့၏အလုပ်အားလုံးမှရပ်စဲ၍ဘုရားသခင်အား၀တ်ပြုကိုးကွယ်ရန်ကျွန်ုပ်တို့အားဘုရားသခင်ကမိန့်တော်မူခဲ့ပြီး၊ ဤအရာသည်ယေရှူခရစ်တော်၏သင်ကြားမှုနှင့်သူ၏ပုံသက်သေ၊ တမန်တော်များနှင့်ဓမ္မသစ်ကျမ်းအသင်းတော်များ၏လုပ်ဆောင်ချက်များကိုလိုက်၍လုပ်ဆောင်ခြင်းဖြစ်ပါသည်။(ကမ္ဘာဦးကျမ်း ၂း၂ – ၃၊ ထွက်မြောက်ရာကျမ်း ၂၀း၈ – ၁၁၊ ၃၁း၁၃ – ၁၇၊ ၀တ်ပြုရာကျမ်း ၂၃း၃၊ ဟေရှာယအနာဂတ္တိကျမ်း ၅၈း၁၃၊ ဟေဗြဲသြ၀ါဒစာ၄း၄ – ၁၀၊ ရှင်မာကုခရစ်၀င် ၁း၂၁၊ ၂း၂၇ – ၂၈၊ ၆း၂၊ တမန်တော်၀တ္ထု၁၃း၄၂ – ၄၄၊ ၁၇း၂၊ ၁၈း၄၊ ရှင်လုကာခရစ်၀င် ၄း၃၁)။
 

ပသခါပွဲ

ယေရှူခရစ်တော်၏သေခြင်းကို နှစ်စဥ်သတိရသောအားဖြင့် အဘိဘလ ၁၄ရက်နေ့ညကိုဓမ္မသစ်ကျမ်း၏ ပသခါ ပွဲတော်အဖြစ်ကျင်းပပြုလုပ် စောင့်ထိန်းရမည်ကိုကျွန်ုပ်တို့ယုံကြည်ပါသည် (၀တ်ပြုရာကျမ်း ၂၃း၅၊ ရှင်လုကာခရစ်၀င် ၂၂း၁၃ – ၁၄)။
 

ဘုရားသခင်၏ပွဲတော်များ

ရှေးယခင်ဣသရေလများစောင့်တိန်းလိုက်နာ၍ကျင်းပပြုလုပ်ရန်ရှိသောဘုရားသခင်မိန့်တော်မူခဲ့သည့် သူ၏နှစ်စဥ်ပွဲတော်ကြီးခုနှစ်ပွဲကိုလည်းယေရှူခရစ်တော်၊ သူ၏တမန်တော်များနှင့် ဓမ္မသစ်ကျမ်းအသင်းတော်များကကျင်းပြုလုပ်ကြသည်ဟုကျွန်ုပ်တို့ယုံကြည်ပါသည်။ ဤပွဲတော်များကိုလည်းယေရှူခရစ်တော်၏လာမည့်အနှစ် ၁၀၀၀ အုပ်ချုပ်မှုကာလတွင် လူသားအားလုံးတို့သည်ကျင်းပဆင်နွဲကြမည်ဖြစ်ပါသည်။ ဤပွဲတော်များသည်ဘုရားသခင်၏ကယ်တင်ခြင်းတရားအစီအစဥ်ကိုဖေါ်ပြပေးပါသည် (ကောလောသဲသြ၀ါဒစာ ၂း၁၆ – ၁၇၊ ရှင်ပေတရုသြ၀ါဒစာ ပဌမစောင် ၁း၁၉ – ၂၀၊ ကောရိန်သုသြ၀ါဒစာပဌမစောင် ၅း၈၊ ၁၅း၂၂ – ၂၆၊ ၁၆း၈၊ ရှင်ယာကုပ်သြ၀ါဒစာ ၁း၁၈၊ထွက်မြောက်ရာကျမ်း ၂၃း၁၄ – ၁၇၊ ၀တ်ပြုရာကျမ်း ၂၃၊ ရှင်လုကာခရစ်၀င်၂း၄၁ – ၄၂၊ ၂၂း၁၄ – ၁၅၊ ရှင်ယောဟန်ခရစ်၀င် ၇း၂၊၈၊၁၀၊၁၄၊ တမန်တော်၀တ္ထု၂း၁၊ ၁၈း၂၁၊ ၂၀း၁၆၊ ဇာခရိအနာဂတ္တိကျမ်း ၁၄း၁၆ – ၂၁)။
 

အစားအစာနှင့်ပတ်သက်သောဘုရားသခင်၏ပညတ်တရား

၀တ်ပြုရာကျမ်း အခန်းကြီး ၁၁ နှင့် တရားဟောရာကျမ်း အခန်းကြီး ၁၄ တို့တွင် ဘုရားသခင်က “မသန့်ရှင်းသော” အသားများဟုဖေါ်ပြသဖြင့် ၎င်းတို့မစားအပ်သောအရာများ ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။
 

စစ်မှုထမ်းခြင်း နှင့် စစ်ပွဲ

ဘုရားသခင်၏ပညတ်တော်တရားများသည် ခရစ်ယာန်တို့အားတိုက်ရိုက်ဖြစ်စေ၊ သွယ်၀ိုက်သည့်နည်းဖြစ်စေ လက်နက်ကိုင်ဆောင်၍လူ့အသက်အားသတ်ခြင်းကိုတားမြစ်ထား၍ ဤသို့လုပ်ဆောင်ပါက အသင်းတော်၏ယုံ
ကြည်ချက်နှင့်ဆန့်ကျင်ဖီလာဖြစ်စေပါသည်ဟုကျွန်ုပ်တို့ယုံကြည်ပါသည်။ထို့ကြောင့်ခရစ်ယာန်တို့သည်စစ်မှုထမ်းခြင်းများတွင်ပါ၀င်ပတ်သက်မှုမပြုလုပ်သင့်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။ သူတို့သည်ဆန္ဒမရှိဘဲ အလိုအလျောက်ပါ၀င်ပတ်သက်မိသည်ရှိသော်သူတို့သည်စစ်အာဏာပိုင်များအားပြောပြကာလက်နက်ကိုင်ဆောင်ခြင်းကိုငြင်းပယ်ရမည်ဟုကျွန်ုပ်တို့ယုံကြည်ပါသည် (ထွမြောက်ရာကျမ်း ၂၀း၁၃၊ ရှင်မဿဲခရစ်၀င်၅း၂၁ -၂၂၊ ကောရိန်သုသြ၀ါဒစာပဌမစောင် ၇း၂၁ – ၂၃၊ တမန်တော်၀တ္ထု ၅း၂၉)
 

အာဗြဟံသို့ ဂတိစကားများ

ဘုရားသခင်၏ရေရှည်တည်တံ့သောဖြောင့်မတ်ခြင်းတရား၌ ကျွန်ုပ်တို့ယုံကြည်ပါသည်။ ထိုဖြောင့်မတ်ခြင်းတရားအားဘုရားသခင်၏သစ္စာရှိခြင်းနှင့်သရုပ်ပြကာဤဂတိကိုလည်းကျွန်ုပ်တို့၏သစ္စာရှိသောဘိုးဘေးအာဗြဟံကိုပေးထားတော်မူခဲ့သည့်အတိုင်းပြည့်စုံအောင်ဖြည့်ဆီးပေးခဲ့တော်မူ၏။ ဂတိပေးခဲ့သည့်အတိုင်း ဘုရားသခင်သည်အာဗြဟံနှင့် ဆိုင်သောသူ၏သားစဥ်မြေးဆက်များကိုတိုးပွါးများပြားလာစေလျက် အာဗြဟံသည် လူမျိုးများစွာတို့၏ “အဘ” အဖြစ်အတိအကျဖြစ်လာတော်လေ၏။ ဘုရားသခင်ပေးခဲ့သည့်ဂတိတော်အတိုင်းအာဗြဟံ၏သားနှင့်မြေး ဣဇာက် နှင့် ယာကုပ်(နောင်တွင်ဘုရားသခင်က ဣသရေလ ဟုပြောင်းပေး) တို့ကိုဘုရားသခင်ကဥစ္စာဓနအရ သော်လည်းကောင်း၊ အရာရာတိုင်းတွင်သော်လည်းကောင်းကောင်းကြီးမဂ်လာပေးကာ သာယာ၀ပြောစေပါသည်ကို ကျွန်ုပ်တို့ယုံကြည်ပါသည်။ အာဗြဟံ၏မျိုးစေ့ ယေရှူခရစ်တော်အားဖြင့်ဘုရားသခင်သည်လူသားအားလုံးအတွက်(ဇာတိပကတိမျိုးရိုးစဥ်ဆက်ဖြစ်စေကာမူ)ကယ်တင်ခြင်းတရားရရှိကြရန်အတွက်ပြင်ဆင်ထားပေးတော်မူကြောင်းကိုကျွန်ုပ်တို့ယုံကြည်ပါသည်။ ထို့ကြောင်ကယ်တင်ခြင်းသည်မွေးဖွားလာခြင်း၏အခွင့်အရေးတရပ်မဟုတ်ပေ။ ၎င်းသည်ဘုရားသခင်ခေါ်တော်မူသောလူသားအားလုံးအတွက်ဖွင့်ထားသောအခွင့်အရေးဖြစ်၍အာဗြဟံ၏သားစဥ်မြေးဆက်၌ယုံကြည်ခြင်းနှင့်ပတ်သက်သောလူအားလုံးအတွက်ဘုရားသခင်၏ဂတိတော်အတိုင်းအမွေဆက်ခံရရှိကြရန်ဖြစ်ပါသည်။ ဘုရားသခင်ကပြည့်စုံအောင်ဖြည့်ဆီးပေးခဲ့သော အသိတရားသည်ဆက်လက်၍အာဗြဟံနှင့်သူ၏ကလေးများသို့ပေးခဲ့သောဇာတိပကတိနှင့်ဆိုင်သောဂတိကိုဖြည့်ဆည်းပြည့်စုံပေးမည်ဖြစ်၍ယေရှူခရစ်တော်အားဖြင့်ဘုရားသခင်ကဖြည့်ဆည်းပြည့်စုံပေးသော၀ိညာဥ်ရေးရာဂတိသည်ပရောဖက်များ၏သတင်းစကားနှင့်ဤသတင်းစကားသည်ကမ္ဘာကြီးအတွက်မည်သို့အသုံးချမည်ကိုနားလည်ရန်အတွက်အလွန်အရေးကြီးကြောင်းကိုကျွန်ုပ်တို့ယုံကြည်ပါသည် (ဆာလံကျမ်း ၁၁၁း၁ – ၁၀၊ရောမသြ၀ါဒစာ ၄း၁၆၊ ၉း၇ – ၈၊ ဂလာတိသြ၀ါဒစာ ၃း၁၆၊ ကမ္ဘာဦးကျမ်း ၃၂း၂၈)။
 

လူသားများအတွက် ဘုရားသခင်၏ရည်ရွယ်ချက်

လူသားများအတွက် ဘုရားသခင်၏ရည်ရွယ်ချက်မှာ သူခေါ်တော်မူခဲ့သောသူများကိုပြင်ဆင်ရန် – အပြစ် အ’ကုသိုလ်အမှုများကိုအောင်နိုင်ခဲ့သော၊ သူရွေးကောက်တော်မူခဲ့သောသူများသည်ဖြောင့်မတ်မှန်ကန်သောစာရိတ္တများတိုးပွါးရန် – ဘုရားသခင်၏နိုင်ငံတော်ကိုပိုင်ဆိုင်ရန်နှင့် မင်းနှင့်ယဇ်ပုရောဟိတ်များဖြစ်လာကာ ခရစ်တော်ပြန်လာသည့်အခါတွင်သူတို့သည် ခရစ်တော်နှင့်အတူတကွအုပ်ချုပ်ရန်အတွက်ဖြစ်သည်ဟုကျွန်ုပ်တို့ယုံကြည်ပါသည်။ လူသားများဖြစ်တည်မှုရှိရသည့်အကြောင်းရင်းမှာကား သူတို့သည်ဘုရားသခင်၏မိသားစုထဲသို့၀ိညာဥ်ခန္ဓာအဖြစ်တိတိကျကျမွေးဖွါးလာမည်ဖြစ်ကြောင်းကိုကျွန်ုပ်တို့ယုံကြည်ပါသည် ( ရောမသြ၀ါဒစာ ၆း၁၅ – ၁၆၊ ၈း၁၄ – ၁၇၊ ၃၀၊ တမန်တော်၀တ္ထု ၂း၃၉၊ ရှင်ပေတရုသြ၀ါဒစာဒုတိယစောင် ၃း၁၈၊ ဗျာဒိတ်ကျမ်း၃း၅၊ ၅း၁၀)။
 

အသင်းတော်

အသင်းတော်သည်ယုံကြည်သူများ၏ခန္ဓာဖြစ်၍ သန့်ရှင်းသော၀ိညာဥ်တော်ကိုရရှိခဲ့သောသန့်ရှင်းသော၀ိညာဥ်တော်ကလမ်းပြပို့ဆောင်တော်မူသောအရာဖြစ်သည်ဟုကျွန်ုပ်တို့ယုံကြည်ပါသည်။ မှန်ကန်သေဘုရားသခင်၏အသင်းတော်သည်၀ိညာဥ်ရေးရာနှင့်ဆိုင်သည့်အဖွဲ့အစည်းဖြစ်ပါသည်။ ၎င်း၏သမ္မာကျမ်းစာနှင့်ဆိုင်သောအမည်သည် “ဘုရားသခင်၏အသင်းတော်” ဟူ၍ဖြစ်
ပါသည်။ အသင်းတော်၏တာ၀န်၀တ္တရားသည် လာရောက်မည့်ဘုရားသခင်၏နိုင်ငံတော်နှင့်ပတ်သက်သည့်ဧ၀ံဂေလိတရား(၀မ်းမြောက်ဘွယ်သတင်း) ကိုလူမျိုးအားလုံးသို့သက်သေတခုအနေဖြင့်လည်းကောင်း၊ ယခုခေါ်တော်မူခြင်းခံခဲ့ရပြီးဖြစ်သောသူများကို ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်စေရန်အတွက်ကူညီ၍တရားများဟောကြားရန်အတွက်ဖြစ်သည်ဟုကျွန်ုပ်တို့ယုံကြည်ပါသည်။ ဘုရားသခင်၏သားသမီး (ကလေး) များကိုယေရှူခရစ်တော်၏ချစ်ခြင်းမေတ္တာ ဖြင့်ဆုံးမသြ၀ါဒပေးမှု၌ ခွန်အားပေးခြင်း၊ လိမ္မာရေးခြားဖြစ်လာစေခြင်းနှင့် ပြုစုပျိုးထောင်ပေးခြင်းများသည်လည်းဘဲ ဘုရားသခင်၏အသင်းတော်၏တာ၀န်၀တ္တရားများဖြစ်သည်ဟုကျွန်ုပ်တို့ယုံကြည်ပါသည် (တမန်တော်၀တ္ထု ၂း၃၈ – ၃၉၊ ၄၇၊ ၂၀း၂၈၊ ရောမသြ၀ါဒစာ ၈း၁၄၊၁၄း၁၉၊ ဧဖက်သြ၀ါဒစာ ၁း၂၂ -၂၃၊ ၃း၁၄၊ ၄း၁၁ – ၁၆၊ ကောရိန်သုသြ၀ါဒစာပဌမစောင် ၁း၂၊ ၁၀း၃၂၊ ၁၁း၁၆၊ ၂၂၊ ၁၂း၁၇၊၁၄း၂၆၊ ၁၅း၉၊ကောရိန်သုသြ၀ါဒစာဒုတိယစောင် ၁း၁ ၂၊ ၅း၁၈ -၂၀၊ ဂလာတိသြ၀ါဒစာ ၁း၁၃၊ သက်သာလောနိတ်သြ၀ါဒစာပဌမစောင် ၂း၁၄၊ သက်သာလောနိတ်သြ၀ါဒစာဒုတိယစောင် ၁း၄၊ တိမောသေသြ၀ါဒစာ ပဌမစောင် ၃း၅၊ ၁၅၊ ရှင်မာကုခရစ်၀င်၁၆း၁၅၊ ရှင်မဿဲခရစ်၀င် ၂၄း၁၄၊ ၂၈း၁၈ -၂၀၊ ရှင်ယောဟန်ခရစ်၀င် ၆း၄၄၊၆၅၊ ၁၇း၁၁၊ ၁၆)။
 

အလှူငွေ များပေး ခြင်း

အလှူငွေ များပေးခြင်းသည်ဘုရားသခင်ကိုကျွန်ုပ်တို့သည်ရိုသေလေးစားမှုပြုခြင်း၊ နာခံခြင်းဖြစ်၍၀မ်းမြောက်ဘွယ်သတင်းဟောကြားခြင်းဖြင့်သူ၏အမှုတော်ကိုဆောင်ရာတွင်ကျွန်ုပ်တို့၏ငွေကြေးအားဖြင့်ထောက်ပံ့
ပေးခြင်း၊ အသင်းတော်ကိုကူညီစောင့်ရှောက်ခြင်း၊ ဘုရားသခင်၏ပွဲတော်များကိုတက်ရောက်ဆင်နွဲခြင်း နှင့်ဆင်းရဲသောသူများကို ကူညီခြင်းများဖြစ်သည်ဟုကျွန်ုပ်တို့ယုံကြည်ပါသည် (သုတ္တံကျမ်း ၃း၉ – ၁၀၊ ကမ္ဘာဦးကျမ်း ၁၄း၁၇ -၂၀၊ ကောရိန်သုသြ၀ါဒစာပဌမစောင် ၉း၇ -၁၄၊ တောလည်ရာကျမ်း၁၈း၂၁၊ တရားဟောရာကျမ်း ၁၄း၂၂ -၂၉)။
 

ရှင်ပြန်ထမြောက်ခြင်း နှင့် ထာ၀ရဘုရားသခင်၏စီရင်ခြင်း

သေစမြဲဖြစ်သောလူသားများအတွက်ထာ၀ရအသက်တာ၏တခုတည်းသောမျှော်လင့်ချက်သည်ရှင်ပြန်ထမြောက်ခြင်း၌သန့်ရှင်းသော၀ိညာဥ်တော်၏ကိန်း၀ပ်ခြင်းအားဖြင့်တည်နေသည်ဟုကျွန်ုပ်တို့ယုံကြည်ပါသည်။ယေရှူခရစ်တော်ပြန်လာသည့်အချိန်တွင်၀ိညာဥ်အသက်တာသို့ရှင်ပြန်ထမြောက်ခြင်းသည်ဘုရားသခင်၏သစ္စာရှိသောအမှုတော်ဆောင်များအားလုံးအတွက်ဖြစ်ပေါ်လာမည်ဟုကျွန်ုပ်တို့ယုံကြည်ပါသည်။ ယေရှူခရစ်တော်သည်ဤကမ္ဘာပေါ်တွင်အနှစ် ၁၀၀၀ အုပ်ချုပ်ပြီးသည့်အခါတွင်သေဆုံးသွားခဲ့ပြီးဖြစ်သည့်မြောက်များစွာသောလူသားအားလုံးတို့သည်ရုပ်ခန္ဓာအသက်ရှင်ခြင်းသို့ပြန်လည်ရှင်ပြန်ထမြောက်ကြမည်ဟုကျွန်ုပ်တို့ယုံကြည်ပါသည်။ ဤရုပ်ခန္ဓာအသက်ရှင်ခြင်းသို့ပြန်လည်ရှင်ပြန်ထမြောက်ကြမည့်လူများအားလုံးတို့သည်မိမိကိုယ်မိမိပြောင်းလဲ၍ဘုရားသခင်၏အလိုတော်အတိုင်းအသက်ရှင်သန်နေထိုင်ကြလျှင်သူတို့လည်းဘဲထာ၀ရအသက်တာကိုရရှိကြမည်ဟုကျွန်ုပ်တို့ယုံကြည်ပါသည်။ ဘုရားသခင်ကပေးမည်ဖြစ်သောကယ်တင်ခြင်းတရားကိုငြင်းပယ်သောသူအားလုံးတို့သည် ထာ၀ရသေခြင်းဟူသောအရာကိုရိတ်ရပေမည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည် (ကောရိန်သုသြ၀ါဒစာပဌမစောင်၁၅း၁၉၊ ၄၂ -၅၂၊ တမန်တော်၀တ္ထု ၂၃း၆၊ ရှင်ယောဟန်ခရစ်၀င် ၅း၂၁ -၂၉၊ရောမသြ၀ါဒစာ ၆း၂၃၊ ၈း၁၀ -၁၁၊ သက်သာလောနိတ်သြ၀ါဒစာပဌမစောင်၄း၁၆၊ ယေဇကျေလအနာဂတ္တိကျမ်း ၃၇း၁ -၁၄၊ဗျာဒိတ်ကျမ်း၂၀း၄ -၅၊၁၁ -၁၅၊ ရှင်ယောဟန်ခရစ်၀င် ၃း၁၆၊ ရှင်မဿြခရစ်၀င် ၂၅း၄၆)။
 

ယေရှူခရစ်တော်ပြန်လာခြင်းနှင့် ပြန်လာအုပ်စိုးခြင်း

Myanmar grandpaသခင်ယေရှူခရစ်တော်သည် ဤကမ္ဘာမြေကြီးသို့ပြန်လာ၍လူမျိုးအားလုံးတို့အားဘုရင်များ၏ဘုရင်အဖြစ်အုပ်စိုးကာ သခင်များ၏သခင်အဖြစ်ဆက်လက်
၍ယဇ်ပုရောဟိတ်ရာထူးကိုဆက်လက်ထိန်းသိမ်းခြင်းအားအနှစ် ၁၀၀၀ အုပ်ချုပ်မှုမစတင်ခင်လေးတွင်သူ့ကိုမြင်တွေ့ရမည်ဖြစ်ပါသည်ဟုကျွန်ုပ်တို့ယုံ
ကြည်ပါသည်။ ထိုအချိန်တွင်သူသည်ဒါ၀ိဒ်မင်းကြီး၏ပလ္လင်တော်အပေါ်တွင်ထိုင်တော်မူမည်ဖြစ်ပါသည်။ ဤကမ္ဘာမြေပေါ်တွင်သူ၏အနှစ် ၁၀၀၀ စိုးစံမှု
ကာလအတွင်းအရာအားလုံးကိုအသစ်တဖန်သို့ပြန်လည်ပြုလုပ်မည်ဖြစ်ကာဘုရားသခင်၏ထာ၀ရနိုင်ငံတော်ကိုတည်ထောင်မည်ဖြစ်ပါသည် (ရှင်မဿဲ
ခရစ်၀င် ၂၄း၃၀၊ ၄၄၊ ဗျာဒိတ်ကျမ်း ၁း၇၊ ၁၁း၅၊ ၁၉း၁၆၊ ၂၀း၄ – ၆၊ သက်သာလောနိတ်သြ၀ါဒစာပဌမစောင် ၄း၁၃ – ၁၆၊ ရှင်ယောဟန်ခရစ်၀င် ၁၄း၃၊
ဟေရှာယအနာဂတ္တိကျမ်း ၉း၇၊ ၄၀း၁၀ – ၁၂၊ ဟေဗြဲသြ၀ါဒစာ ၇း၂၄၊ ယေရမိအနာဂတ္တိကျမ်း ၂၃း၅၊ ရှင်လုကာခရစ်၀င် ၁း၃၂ – ၃၃၊ တမန်တော်၀တ္ထု ၁း၁၁၊ ၃း၂၁၊ ၁၅း၁၆၊ ဒံယေလအနာဂတ္တိကျမ်း ၇း၁၄၊၁၈၊၂၇)။