ကျွန်ုပ်တို့သည်မည်သူများဖြစ်ကြသနည်း

ကနဦးတစ်ရာစုအချိန်က ခရစ်တော်တည်ထောင်ခဲ့သောအသင်းတော်ကိုပြန်၍ခြေရာကောက်လျက်ကျွန်ုပ်တို့၏ဤအသင်းတော်ကိုအစပြုခဲ့ပါသည်။ ထိုအချိန်တွင် ခရစ်တော်အစပြုချမှတ်ခဲ့သောသင်ကြားပို့ချမှုများ၊အယူအဆမူ၀ါဒများနှင့်ကျင့်သုံးလုပ်ဆောင်မှုများနည်းတူကိုကျွန်ုပ်တို့ဆက်လက်၍လိုက်နာလုပ်ဆောင်ကြပါသည်။

 

ကျွန်ုပ်တို့သည်စည်းလုံးညီညွတ်သောဘုရားသခင်အသင်းတော်၊နိုင်ငံတကာအစုအဖွဲ့၏အစိတ်အပိုင်းတခုဖြစ်ပါသည်

ကျွန်ုပ်တို့သည်စည်းလုံးညီညွတ်သောဘုရားသခင်အသင်းတော်၊နိုင်ငံတကာအစုအဖွဲ့၊ ကမ္ဘာတ၀ှမ်းတွင်ရှိသော စည်းလုံးညီညွတ်သောဘုရားသခင်၏အသင်းတော်၊ အသင်းတော်လူစုလူ၀ေးနှင့်ကျွန်ုပ်တို့၏ဆန္ဒအလျောက်ဆက်စပ်ပေါင်းစည်းမှုလုပ်ထားပါသည်။ စည်းလုံးညီညွတ်သောဘုရားသခင်၏အသင်းတော် – မြန်မာပြည်၏အခြေခံယုံကြည်ချက်များသည် စည်းလုံးညီညွတ်သောဘုရားသခင်၏အသင်းတော်၊ နိုင်ငံတကာအအဖွဲ့၏အခြေခံယုံကြည်ချက်များနှင့်တထပ်တည်းဖြစ်ပါသည်။ ဒေသဆိုင်ရာအသင်းတော်လူစုလူ၀ေးများနှင့်အမှုတော်ဆောင်များသည် မြောက်ပိုင်း၊အလယ်ပိုင်းနှင့် တောင်ပိုင်းအမေရိကနိုင်ငံများ၊ ဥရောပ၊ အာဖရိက၊ အာရှပစိဖိတ် နှင့် ကာရစ်ဘီယံ ကမ်းရိုးတန်းနိုင်ငံများ စသည်တို့တွင်အခြေပြုတည်ရှိကြလျက်ရှိနေပါသည်။

 

စည်းလုံးညီညွတ်သောဘုရားသခင်၏အသင်းတော်ဟူသည့်အမည်နာမ၏အဓိပ္ပါယ်ဖေါ်ညွှန်းထားမှုမှာကား ကျွန်ုပ်တို့သည်ဘုရားသခင်၏အမှုတော်ဆောင်လုပ်ငန်းတွင်စည်းလုံးညီညွတ်စွာတာ၀န်ယူကြ၍ သန့်ရှင်းသောနှုတ်
ကပတ်တော်များထဲတွင်ဘုရားသခင်နှင့်သူ၏သားတော်ယေရှူခရစ်တော်တို့တည်ထောင်ခဲ့၍ဖေါ်ပြခဲ့သောအသင်းတော်အတွက်အသက်ရှင်သောလမ်းနှင့်တာ၀တ်၀တ္တရားများကိုသစ္စာရှိရှိဖြင့်လိုက်နာလုပ်ဆောင်နေကြပါသည်။

 

လွန်ခဲ့သည့်အနှစ် ၂၀၀၀ ခန့်က သူ၏လူသိရှင်ကြားအမှုတော်ဆောင်လုပ်ငန်းအစတွင် ယေရှူခရစ်တော်သည်ကမ္ဘာ့မြင်ကွင်းထဲသို့ တိကျသောသတင်းစကားနှင့်အတူရောက်ရှိလာခဲ့ပါသည်။ သူသည်ဘုရားသခင်၏နိုင်ငံတော်နှင့်ပတ်သက်သော၀မ်းမြောက်ဘွယ်သတင်းကိုတပါတည်းယူဆောင်လာကာဟောကြားခဲ့ကြောင်းကို ရှင်မာကုခရစ်၀င် ၁း၁၄ ကပြောကြားထား၏။ သို့သော်သူ၏သတင်းစကားမူကား မည်သည့်အရာဖြစ်ခဲ့သနည်း။ ခရစ်တော်၏၀မ်းမြောက်ဘွယ်သတင်း – ၀မ်းမြောက်ဘွယ်သတင်း ဟူသည့်စကားလုံး၏အဓိပ္ပါယ်ကား ကောင်းသောသတင်း – ဤအကြောင်းအရာသည် ကမ္ဘာမြေသို့ယေရှူခရစ်တော်ဒုတိယအကြိမ်ပြန်လည်ကြွလာပြီးသည့်နောက်တွင် လူသားအားလုံး၀မ်းသာပျော်ရွှင်မည့် ဘုရားသခင်၏အံ့သြဘွယ်ကောင်းသောဂတိနှင့်ပတ်သက်သည့် ကမ္ဘာ့ငြိမ်းချမ်းမှုကြီးကိုစူးစိုက်အာရုံပြုထားပါသည်။ ငြိမ်းချမ်းသောဘုရင်နှင့် ဘုရင်များ၏ဘုရင်အဖြစ် ယေရှူခရစ်တော်သည် ဤကမ္ဘာမြေကြီးပေါ်တွင်ဘုရားသခင်၏နိုင်ငံတော်ကိုတည်ထောင်ကာ အဓွန့်ရှည်သော ငြိမ်းချမ်းမှုကြီးနှင့် တလောကလုံးဆိုင်ရာတရားမျှတမှုကိုအစပျိုးတည်ထောင်မည်ဖြစ်ပါသည်။ ဤနိုင်ငံတော် – ဘုရားသခင်၏နိုင်ငံတော်သည် – ယေရှူခရစ်တော်ဟောကြားခဲ့၍သင်ကြားခဲ့သောသူ၏ဗဟိုချက်မ အကြောင်းအရာပင်ဖြစ်ပါသည်။

 

စည်းလုံးညီညွတ်သောဘုရားသခင်၏အသင်းတော်၊နိုင်ငံတကာအစုအဖွဲ့နှင့် ပတ်သက်၍အကြောင်းအရာပိုမိုသိရှိရန်အတွက် ucg.org. ကို၀င်ရောက်ကြည့်ရှူပါ။

 

 


contact UCG Myanmar

လူကိုယ်တိုင်ဆွေးနွေးတိုင်ပင်ရန်

အဖခမည်းတော်ဘုရားသခင်နှင့် သူ၏သားတော်၊ ကျွန်ုပ်တို့၏ကယ်တင်ရှင်ယေရှူခရစ်တော်တို့အားကိုးကွယ်၍သူတို့၏နောက်သို့လိုက်ရန်အတွက်စိတ်အားထက်သန်စွာရှာဖွေနေသောသူများအတွက် ဘုရားသခင်၏အသက်ရှင်ခြင်းလမ်းကို၀ေငှပေးရန်ကျွန်ုပ်တို့တွင်ဆန္ဒရှိနေပါသည်။ သင့်တွင်ရှိမည်ဖြစ်သောမေးခွန်းများနှင့်အတူ ကျေးဇူးပြု၍ ကျွန်ုပ်တို့အားလွတ်လပ်စွာဆက်သွယ်မေးမြန်းယူပါ။